Wednesday, September 23, 2009

ဝန်ခံခြင်း ၂

မိလည်းဝေး ဖလည်းဝေးပြီး မောင်လေးတွေပါမရှိတဲ့နိုင်ငံတစ်ခု
သူများတွေပြောကြတယ်စီကာစဉ်ကာပူရတဲ့စင်ကာပူတဲ့။
ဒီနိုင်ငံရဲ့အကျယ်အဝန်း ကျွန်မမသိပါဘူး။
ဒါပေမယ့် မေမေဖေဖေတို့အိမ်လောက်မလွတ်လပ်တာတော့သေချာတယ်။
နွေးထွေးမှုမရှိတဲ့နေရာမှာ ကျဉ်းကြပ်တဲ့ဘဝတစ်ခု ကြီးမားတဲ့ရည်မှန်းချက်အတွက် ရုန်းကန်နေရတယ်။
လျှောက်ပြီးရင်းလျှောက် လျှောက်ပြီးရင်းလျှောက် တစ်နေ့တော့ပန်းတိုင်အရောက် လူကလည်းအမေ့အိမ်ပြန်အရောက်။

လမင်း

Monday, September 21, 2009

ဝန်ခံခြင်း ၁ (လမင်းဖြစ်တည်လာခြင်း)

ပြေးလမ်းပျောက်ဆုံးနေတဲ့လူတစ်ယောက် လမ်းစကလေးတစ်ခုပြန်တွေ့ခဲ့ရသလို
အချစ်တွေပျောက်ဆုံးနေတဲ့ကျွန်မ ကောင်းကင်ဆိုတဲ့ကောင်လေးနဲ့တွေ့မှချစ်တတ်လာခဲ့တယ်
သူကကျွန်မကိုနာမည်ပေးလိုက်သေးတယ် ငွေလမင်းတဲ့ သေချာပါတယ်လမင်းဆိုတာကောင်းကင်မှာအမြဲရှိနေမှာပါ..

လမင်း

မ အတွက်

ကျနော့်ရဲ့ တောင်းဆုတွေလဲ.. မပြည့်ခဲ့ဘူးကွယ်.....
မကြာခင် နံနက်မိုးသောက်တော့ပေမယ်....
မိုးတွေသဲနေ သလို..ရင်ခွင်ထဲမှာ...
အလွမ်းတွေ နဲ့သဲနေခဲ့ပါတယ်....
မိုးစက်တွေကြားမှာ..ဆုံတွေခဲ့ရပင်မဲ့......
မိုးစက်တွေကြားမှာ ထွက်သွားခဲ့တဲ့ မ က...
ကျနော့်ကိုပျော်ရွှင်စွာနဲ့....
မေ့နေတော့မှာလား မရယ်...
ဒီကဗျာလေးကိုရေးရင်း.....ထွက်ကျလာတဲ့မျက်ရည်ကို...
ထိန်းနိုင်ခဲ့ပေမဲ........
မကို မလွမ်းအောင် မ ချစ်မိအောင် .....
တစ်စကန့်လေးတောင်းထိန်းလို့မရဘူး...
လွမ်းနေအုံးမယ်...အပြင်မှာရွာနေတဲ့ မိုးတွေနဲ့အတူ......
ကျနော့်ရင်ထဲမှာ..အလွမ်းတွေ သည်းနေပြီ....
မျက်ရည်စက်လေးတစ်စက် စွန်းထင်း....
အို...ကောင်လေးလဲ..နေဝင်နေထွက်
ရေတွက်ရင်း မ ကိုစောင့်မျှော်ရင် ....
နဲ့မချစ်နေဦးမယ်.......

ကောင်းကင်

Sunday, September 20, 2009

ဘလော့လောက သို့ စဝင်ခြင်း

အားလုံး မင်္ဂလာပါ..

ကျနော် တို့နှစ်ယောက်ဘလော့ လောက ကိုရောက်လာ သိပ်မကြာသေးပါဘူး...
ခုလို ဘလောဂါဖြစ်ရတာလဲ ဝမ်းသာမိပါတယ်....
ကျနော်တို့ က ချစ်သူ နှစ်ယောက်ပါ.. ခံစားချက်လေးတွေ မျှဝေ ချင်လို့ပါ...
လိုအပ်တာရှိရင်ပြောလို့ရပါ.. (ရိုက်ရဝူးနော်)

ခု အတိုဘဲ မိတ်ဆက်သွားလိုက်ပါတယ်...
ဘလော့လောက က လူတွေအားလုံးမင်္ဂလာပါ

ပန်း+ထိုက်