သူများတွေပြောကြတယ်စီကာစဉ်ကာပူရတဲ့စင်ကာပူတဲ့။
ဒီနိုင်ငံရဲ့အကျယ်အဝန်း ကျွန်မမသိပါဘူး။
ဒါပေမယ့် မေမေဖေဖေတို့အိမ်လောက်မလွတ်လပ်တာတော့သေချာတယ်။
နွေးထွေးမှုမရှိတဲ့နေရာမှာ ကျဉ်းကြပ်တဲ့ဘဝတစ်ခု ကြီးမားတဲ့ရည်မှန်းချက်အတွက် ရုန်းကန်နေရတယ်။
လျှောက်ပြီးရင်းလျှောက် လျှောက်ပြီးရင်းလျှောက် တစ်နေ့တော့ပန်းတိုင်အရောက် လူကလည်းအမေ့အိမ်ပြန်အရောက်။
လမင်း
3 comments:
ညီမ မျှော်လင့်တဲ့ ပန်းတိုင်ကို အဆင်ပြေချောမွှေ့စွာ လျှောက်လှမ်းနိုင်ပါစေနော့။ မိသားစုနဲ့ အဝေးမှာ နေရတဲ့လွမ်းရတဲ့ ဒုက္ခကို ကိုယ်ချင်းစာတယ် ညီမရေ. အားတင်းထား
ကြီးမားတဲ့ ရည်မှန်းချက်လေး အမြန်ဆုံး ပြည့်ဝနိုင်ပါစေ။ လျှောက်နေတဲ့ ပန်းတိုင်မှာ တွေ့ရမဲ့ ဆူးခလုတ်တွေ ဖြတ်ကျော်နိုင်ပါစေလို့။။။။
အော် ဒီလိုပဲပေါ့ မောင်လေးရယ် ....... ဘ၀မှာ အောင်မြင်မှုတွေ ရရှိနိုင်ပါစေ။
Post a Comment